မိုးကုတ်မြို့နယ်၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုးကုတ် အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် အများပြည်သူများ ခြင်၊ ယင်များမှတစ်ဆင့် ရောဂါကူးစက်မှု မဖြစ်စေရန်အတွက် ယမန်နေ့ နံနက် (၉)နာရီက လယ်ဦးအုပ်စု၊ ရွှံ့ပန်းလေးရပ်ကွက်ရှိ တိုင်းရင်းဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တိုင်းရင်းဆေးရုံ ဥပတိရုပ်ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပ စေရန်အတွက် တိုင်းရင်းဆေးရုံဝင်းအတွင်းရှိ မြတ်ပင်များရှင်းလင်းခြင်း၊ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်း၊ ရေမြောင်းများ ရှင်းလင်းပေးခြင်းများ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြပြီး စည်ပင်သာယာအမှိုက်ကားဖြင့် အမှိုက်များစနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

နန်းခွာညိုနှင်း