ချီဖွေ အောက်တိုဘာ ၁၇
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက ချီဖွေမြို့ဈေးအတွင်း ဈေးရောင်းသူ၊ ဈေးဝယ်သူများထံ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့သည်။
ထိုသို့ Mask Campaign ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ မြို့မဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အား ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာတွင် နှာခေါင်းစည်းများ (Mask) စနစ်တကျ တပ်ဆင်၍ ရောင်းချ ပေးရန်၊ ဈေးဝယ်သူများအနေဖြင့်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဝယ်ယူကြရန်၊ ဒေသခံမိဘ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာလာပါက နှာခေါင်းစည်းများ Mask တပ်ဆင်၍ သွားလာကြရန် နှိုးဆော်အသိပေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများ ကို Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်း ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျည်းစည်းကမ်းများကို လိုက်နာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ဈေးအတွင်း/အပြင် နှင့် ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာကြသည့် ခရီးသွားပြည်သူများထံ နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မေခမွန်(ပြန်/ဆက်)