လွိုင်လင်မြို့ ဘုရင့်နောင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းစစ်ဆေး

လွိုင်လင် အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်သို့ ခရိုင်အုပ်ချုအ်ရေးမှူး ဦးကံစောလှိုင် မှ အောက်တိုဘာလ ၁၇ ရက် နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘုရင့်နောင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လမ်းအတိုင်းအတာမှာ (  ၄၃၀ ပေ၊ ၁၂ ပေ၊ ၃ လက်မ )  ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေး ထံမှသိရသည်။

ကွင်းဆင်းစစ်ဆေးရာသို့ မြိုနယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများ၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ခရိုင်(ပြန်/ဆက်)