တောင်သာ အောက်တိုဘာ ၁၇
တောင်သာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းစာကိုလည်း ကြိုးစားသင်ယူလေ့လာကြရန်လိုကြောင်းနှင့် ယခုလိုပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်း ဆောင်ရွက် တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲသော အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ လစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ပြိုင်ပွဲနှင့်အရုပ်ဆက်ဂိမ်းပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူများ အသီးသီးပါဝင် ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများက အမှတ် တရ လက်ဆောင်အဖြစ် ဗလာစာအုပ်/ခဲတံနှင့် အချိုရည်မုန့်များ ပေးအပ်ကျွေးမွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကဗျာရွတ်ပြိုင်ပွဲနှင့်အရုပ်ဆက်ဂိမ်းပြိုင်ပွဲသို့ အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)