လဲချားမြို့နယ် အ-ထ-က ကျောင်းတွင် လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲပြုလုပ်

လဲချား   အောက်တိုဘာ     ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က  အ-ထ-ကကျောင်းတွင် ဟောပြောပွဲပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင်  အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ကျောင်းသား/သူများအနေဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လမ်းမှားမရောက်ရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် လူငယ်နှင့်ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပြင်းပြသော ဆန္ဒ၊ ရည်မှန်းချက်၊ ဝိရိယနှင့်ဇွဲရှိရေး၊ အသိပညာပြည့်ဝမှုစသည့် အကြောင်းအရာများကို ကျောင်းသား/သူလူငယ်များအတွက် အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/သူ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)