နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

နမ္မတူ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို  ယနေ့နံနက် (၁၀)နာရီခွဲအချိန်က နမ္မတူမြို့နယ်၊ မြို့အဝင်ဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အဝင်ဂိတ်တွင် ခရီးသွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အခု (၁၅၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို အခန်းအတွင်း၌ လူတစ်ဦးနှင့် တစ်ဦး နီးကပ်စွာရှိနေခြင်း၊ အများပြည်သူ အသုံးပြုသော ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်ထွက်သွားလာအသုံးပြုသော ဆေးရုံ၊ ကျန်းမာရေးဌာနများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစုလူဝေးရှိသော နေရာများတွင် မဖြစ်မနေတပ်ဆင်ရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည့် ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့  သတင်းပို့ရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ခံယူကြရန် စသည့်အကြောင်းအရာများအား (Hand Speaker)ဖြင့် အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)