မိုးမောက်မြို့နယ်၌ ရဲမှုထမ်းဟောင်းများအား အခြေခံစားသောက်ကုန် ထောက်ပံ့

မိုးမောက် စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ရဲဝန်ထမ်းဟောင်းများ စားသောက်ရေး အဆင်ပြေစေရေးအတွက် စားသောက်ကုန်ရိက္ခာများ  ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက   မိုးမောက် မြို့မရဲစခန်းရှိ  ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်ရဲမှူး  ဝဏ္ဏစိုးအောင်နှင့် မြို့မစခန်းမှူး ဒုရဲမှူး ဇော်ဝင်းတို့ တက်ရောက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ မြို့မရဲစခန်း၏ နယ်မြေရဲစခန်းတို့မှ တာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အလင်းကောင်ရပ်ကွက်၊ ခါနန် ရပ်ကွက်နှင့် မြို့သစ်ကျေးရွာတို့တွင် လာရောက်အခြေချ နေထိုင်လျက်ရှိသော ရဲမှုထမ်းဟောင်း အရာရှိ()ဦး နှင့်အခြားဆင့် ()ဦး ပေါင်း()ဦး တို့အား ဆန် ()ပြည်၊ ပဲဆီ ()ပိသာ၊ ကြက်သွန်နီ () ပိသာနှင့်  ကြက်ဉ  (၁၀) လုံး   တစ်ဦးလျှင်  ကျပ်(၂၈၇၀၀တိတိ ဖြင့်  စုစုပေါင်း တန်ဖိုးငွေ (၂၀၀၉၀၀)ကျပ် ထောက်ပ ခဲ့ကြောင်း သိရသည်။

လွန်းနန်းထွေး