ဟိုပုံးမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ "မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်" စာစောင်များဖြန့်ဝေ

ဟိုပုံး အောက်တိုဘာ ၁၆

မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလဦးရေစာရင်း ၆၆/၆ (အထစ)နှင့် ပတ်သက်၍အခက်အခဲများအားသက်ဆိုင်ရာ လဝက ရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း "မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်" စာစောင်များ  ဖြန့်ဝေခြင်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်၊ ဟိုပုံးမြို့နယ် ဦးစီးမှူးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့် ဝန်ထမ်းများကလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက် ၇ ချက် ပါဝင်သော နိုင်ငံသားစိစစ်ရေးကတ်အကြောင်း၊ အချက် ၆ ချက်ပါဝင်သော ပုံစံ ၆၆/၆ အိမ်ထောင်စုလဦးရေစာရင်း (အထစ) အကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ(၅၂) သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့်သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြု ကတ်များ၊ ပုံစံ၆၆/၆ အိမ်ထောင်စုလဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်သူများအား နီးစပ်ရာမြို့နယ် လဝက ရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန် ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်၊ စသည့်အချက်များပါဝင်သော "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်" စာစောင်များကို ဟိုပုံးမြို့မဈေးနှင့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့တွင် ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်း‌ဒေသ(ပြန်/ဆက်)