ဂွမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show) ပြုလုပ်

ဂွ    အောက်တိုဘာ  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် အောက်တိုဘာလ (၁၂)ရက်နေ့ ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်‌ရေး အသိပညာပေး Talk  Show ကို ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးTalk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ အများဆုံးတွေ့ရှိနိုင်သော နေရာ များ၊ ကလေးအလုပ်သမားများ  များပြားလာရသည့် အကြောင်းရင်း၊ မြို့နယ်အထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့်  ဂွမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်လုပ်ကိုင်နေမှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအကြောင်းကို အသိပညာ‌ပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်