ကျိုင်းတုံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကလေးအလုပ်သမား အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်နှင့် မှန်ကန်သော လစာရရှိနိုင်စေရေး၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်တို့အား ဆွေးနွေးပေးသည်။
ထို့နောက် ခရိုင်အဆင့်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်မှ ကလေးအလုပ်သမားများ၏ တစ်နေ့တာ အလုပ်ချိန်နှင့် ချိန်နှုန်းလစာ၊ ကလေးအလုပ်သမားများအား နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ခိုင်းစေပါက ပြစ်မှုမြောက်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အတွက် ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့်အကြောင်းအရာများအား ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိန်သန်း(ပြန်/ဆက်)