ကျောက်တန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအား နှာခေါင်းနှင့် အာခေါင်တို့ပတ်များ ရယူ၍ ကျန်းမာရေးဓါတ်ခွဲဌာနသို့ပေးပို့

ကျောက်တန်း     စက်တင်ဘာ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ()ဦး နှင့်ထိတွေ့ခဲ့သူများအား ယမန်နေ့ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့ပတ်များ ရယူခဲ့ကြောင်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ()ဦး နှင့်ထိတွေ့ခဲ့သည့်  ဆင်ကန်ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ရွှေကုန်းရပ်ကွက်၊အနောက်ပိုင်းရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊စံချိန်မီရပ်ကွက် ၊ရွှေပြည်သာယာရပ်ကွက်၊  သောင်ကြီး ကျေးရွာ၊ ပါဒကြီးကျေးရွာ၊ ကြာကန်ကျေးရွာနှင့် သီလဝါစက်မှုဇုန်တို့မှ စုစုပေါင်း (၁၀၈)တို့၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များ ရယူပြီး အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ()ဦး နှင့်ထိတွေ့ခဲ့သူများအား မိမိတို့အိမ်တွင်  Home Quarantine ထားရှိပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လည်ရောက်ရှိလာသူများအား ကျောက်တန်းမြို့ သာသနာ့ဗိမာန်( Facility Quarantine) ထားရှိထားကြောင်းသိရသည်။

 ခင်ဆွေဝင်း  (ကျောက်တန်း)