မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲအကူတပ်ဖွဲ့တို့မှ တပ်ဖွဲ့၀င် စာရေး၀န်ထမ်းများအား အခြေခံ စားသောက်ကုန်ထောက်ပံ့

မော်လမြိုင်  စက်တင်ဘာ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲအကူတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများအတွက် အခြေခံ စားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က အမှာစကား ပြောကြား ရာ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကုသရေးကာလအတွင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးနှင့် ရဲအကူတပ်ဖွဲ့တို့မှ တပ်ဖွဲ့၀င်များနှင့် စာရေ:များ အား သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန်များ (တတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း တပ်ဖွဲ့ဝင်များ အားလုံး ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထား ချက်များအား သိရှိလိုက်နာဆောင်ရွက်နေထိုင် သွားကြရန်မှာကြားပြီး အခြေခံ စားသောက်ကုန်များအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ရဲတပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း(၃၀)ဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့် အညီ တက်ရောက်ကြပြီး တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း (၁၈၄)ဦးတို့အတွက် (၁) ဦးလျှင် ဆန်(၈)ပြည်၊ ကုလားပဲ ၁ပိဿာ၊ ဆီ (၅၀) သားတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)