ကွမ်းခြံကုန်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်

ကွမ်းခြံကုန်း  အောက်တိုဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မူအား မြို့နယ်မီးသတ်စခန်းရှေ့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းကို   ကွမ်းခြံကုန်းမြို့နယ်     မီးသတ်ဦးစီးဌာန ဦးစီမှူး ဦးပြည့်ဖြိုးဟိန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မုဒိတာလူမူကူညီရေး ပရဟိအသင်းများတို့မှ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများဖြစ်သော ရေတွင်းသက်ကယ်၊  ရေပြင်သက်ကယ်၊   လူနာသယ်ဆောင်ပုံအဆင့်ဆင့်နှင့် အသက်ရူကရိယာ BA Sets လေ့ကျင့်ခန်းများကို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းနားသို့ တွံတေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဗိုလ်မှူး သီဟန်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဦးရဲတင့်နှင့် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးတို့က တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆွေနွယ် (IPRD)