သံဖြူဇရပ်မြို့နယ်၌ သဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနား ပြုလုပ်

သံဖြူဇရပ် အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြုင်ရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၀-၂၀၂၁) ခုနှစ်မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍရေးနှစ် (၁၈)လ တာကာလနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်သမဝါ ယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစံသောင်းမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး အသင်းစု၏ (၁၈)လတာ လုပ်ငန်းဆောင်ရွက်မှုများကို အဖွင်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် သမဝါယမဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးသန်းနိုင်နှင့် မွန်ပြည်နယ်သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးစိုးတင့် တို့မှမြို့နယ်သမဝါယမအသင်း၏ လုပ်ငန်းများ တိုးတက်ရေး အတွက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက်(၂၀၂၀-၂၀၂၁)ခုနှစ်နှင့် (၂၀၂၁-၂၀၂၂)ဘဏ္ဍနှစ်(၁၈)လတာကာလ သံဖြူဇရပ်မြို့နယ် သမဝါယမအသင်းစု လီမိတက်အမှုဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ဘဏ္ဍရေးအစီရင်ခံစာများကို အမှုဆောင်ဦးဝင်းထွန်းနှင့် ဦးအုန်းမြင့်တို့က ဖတ်ကြားတင်သွင်းပြီး သဘာပတိ၏ အတည်ပြုချက်ရယူခဲ့သည်။

သံဖြူဇရပ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဆုံးဖြတ်ချက်များအား အခမ်းအနားမှူးမှ ဖတ်ကြားတင်သွင်းခြင်းကို သဘာပတိမှတဆင့် အတည်ပြုချက်များ ရယူခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)