မရမ်းကုန်း အောက်တိုဘာ ၁၄
ကမ္ဘာ့ပြည်သူအားလုံးစားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့်ဆင်းရဲငတ်မွတ်များ လုံးဝပပျောက်သွားရေးရည်ရွယ်၍ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့်(၄၂)ကြိမ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ မြို့နယ်ရုံးဝန်ထမ်းများနှင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၁၀:၀၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကမ္ဘာ့စားနပ်ရိပ်က္ခာနေ့အထိမ်းအမှတ်Talk Show တွင် ပါဝင်ဆွေးနွေးသူများက ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြင့် စတင်ဖွဲ့စည်းခဲ့ပုံ၊ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထိရောက်စွာလုပ်ဆောင်နိုင်မှုမရှိသောကြောင့် ကုန်ပစ္စည်းအားလုံးနီးပါးသည် စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် အဓိကပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာတိုးတက်လာစေရန် အလေးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးသာမက စားနပ်ရိက္ခာလိုအပ်ချက်ရှိနေသည့် ဒေသများနှင့်ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေးအတွက်ရေး ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ၊ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အစရှိသဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)