ရွှေပြည်သာ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ဆန်၊ ဆီ၊ ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်အမှတ်(၂၁)ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည်ကြက်ဥ(၅)လုံး ဆီ(၅၀)ကျပ်သား၊ (၃)မျိုးအား (၄၆၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး ပြည်သူများမည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။
ပြည်သူများလွတ်လပ်စွာဝယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဈေးလာဝယ်ကြသောပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း