ငါ့သရောက်မြို့ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမျိုးသမီးအကြမ်းဖက်မှု အသိပညာပေး ဆွေးနွေးဆောင်ရွက်ချက်များကို ဒုတိယဦးစီးမှု ဒေါ်အေးအေးမိုးနှင့် စာထောက်-၃(ပြ) ဒေါ်မာမာခိုင်တို့မှ ဆွေနွေးတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေါအေးအေးမိုးမှ အမျိုးသမီးများအကြမ်းဖက်မှုနှင့် ကာကွယ်ရေးအတွက် အမျိုးသမီးများသိသင့်သော ဥပဒေပုဒ်မများ၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများ၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများ၊ စိတ်ပိုင်ဆိုင်ရာအကြမ်း ဖက်မှုများ၊ အပြုအမှုဆိုင်ရာအကြမ်းဖက်မှုများ၊ လူမှုစီးပွားဆိုင်ရာအကြမ်းဖက်မှုများနှင့် နည်းပညာဆိုင်ရာအကြမ်းဖက်မှုများကို အကျယ်တဝင့် ရှင်းပြပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါ်မာမာခိုင်မှ အမျိုးသမီးများအကြမ်းဖက်မှုစသော အမှုကိစ္စရပ်များ၊ အမှုများကြုံတွေ့လာပါက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနများသို့ ဆက်သွယ်နိုင်ကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အားလုံးပူးပေါင်းပါဝင်ကြရန် အစရှိသည်တို့ကို ပြောကြားဆွေးနွေခဲ့ကြောင်း သိရသည်။
P.W.A.