ကျိုင်းတုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အစားအစာများ ဘေးကင်းစေရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Talk Show ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်း က အစားအစာများ ဘေးကင်းစေရေးအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အစားအစာများတွင် ဓာတုဆေးဝါးများသည် ကလေးငယ်များအတွက် အန္တရာယ်ကြီးမားကြောင်း၊ မိုးရာသီကာလ မုန့်ပဲသရေစာများတွင် ဗက်တီးရီးယားမှိုများ ပါဝင်လေ့ရှိကြောင်းနှင့် သတ်မှတ်ရက်လွန် အစားအစာများကို သတိပြုရမည်ဖြစ်ကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးနှင့် ရောဂါဘယများ မဖြစ်ပွားစေရန်အတွက် အစားအသောက်နှင့် နေထိုင်မှုပုံစံများကို အထူးသတိပြု စားသောက်နေထိုင်ရေးနှင့် အစားအစာဘေးကင်းစေရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)