ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ်လာဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပေါင် အောက်တိုဘာလ ၁၄

ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ်လာဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဈေး၌ စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးမြတ်ကိုကို၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများအင်အား (၁၇) ဦးဖြင့် မင်္ဂလာဈေးအတွင်းရှိ ဆိုင်ခန်းများအတွင်း ဝါယာကြိုးများ၊ မီးခလုပ်များ ပျက်ဆီးနေမှု ရှိ/မရှိ စသည်များ မီးသတ်ဆေး ဘူးများ သုံးစွဲမှုရရှိနိုင်မှုရှိ/မရှိ၊ အသုံးပြု၍မရရှိသော မီးသတ်ဆေးဘူးများအား ပြန်လည်ဖြည့်ဆည်းဆောင်ထားကြရန် လိုအပ်သော မီးကပ်၊ မီးချိတ်၊ ရေပုံးများကိုလည်း အချိန်မီထားရှိကြရန် လိုအပ်ပါကြောင်း ဆိုင်ပိတ်သည့်နှင့် တစ်ပြိုင်နက်တည်း မီးခုလုပ်များ စနစ်တကျပိတ်ရန် မီးမိန်းချရန်၊ မလိုအပ်‌သောအမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်ကြရန် စသည့်လိုအပ်ချက်များကို ဟောပြောခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူများ လူနေထိုင်မှုအဆင့် မြင့်တင်နိုင်ရန် နှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာနေထိုင်ကြရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးကို ဂရုစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)