မိုင်းယောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် ခရမ်း လွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ရေးအကြောင်းကိုလည်းကောင်း၊ ရုပ်သံကျမ်းကျင်(၃) ဒေါ်နန်းစီဖောင်းက သဘာဝဘေးအမျိုးမျိုးဖြစ်သည့် ငလျင်၊ ဆူနာမီ၊ ရေးကြီးရေလျှံ၊ ဆိုင်ကလုန်းမုန်တိုင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ရေရှားခြင်း ကြိုတင်ပြင်ဆင်ကာကွယ်မှုများ အကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေသော ကပ်ရောဂါများ၊ သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှုများ လျော့ကျ၍ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေရန် လူတိုင်းထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဆိုးရွားသော သဘာဝဘေးဒဏ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်မည်အကြောင်းကိုလည်း ကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)