ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး

ဘူးသီးတောင် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန်နှင့် စက်သုံးဆီသိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိအသုံးပြုတတ်စေရေး၊ စက်သုံးဆီ အရောင်းဆိုင်များတွင် ပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေး ဆိုင်းဘုတ်များ ထားရှိစေရေးတို့ကို အကြုံပြုကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

လှကျော် (ပြန်/ဆက်)