မိုင်းယု အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါး အန္တရာယ်အသိ ပညာပေး နံရံကပ်စာစောင်ကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ် စာစောင်တွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုနှင့် သိထားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ရှောင်ရှားနိုင်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေးနှင့် လူမှုဘဝ ထိခိုက်နိုင်မှုများ စသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ အန္တရာယ်များကို လူငယ်များအနေဖြင့် ဗဟုသုတဖြစ်ဖွယ်၊ မှတ်သားဖွယ်အကြောင်းအရာများ၊ ဓာတ်ပုံများဖြင့် နံရံကပ်စာစောင်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အားချာ