ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

ချမ်းမြသာစည်    အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လာမည့်အောက်တိုဘာ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင်  လူတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးသင့်သည့်အကြောင်း၊ အစာအုပ်စုများအကြောင်း၊ အာဟာရပြည့်၀သော အစားအစာများ အကြောင်း၊အာဟာရ ချို့တဲ့ခြင်းနှင့် အ၀လွန်ခြင်းဆိုင်ရာပြဿနာများ မဖြစ်ပေါ်စေရေး ရှောင် ရန်/ ဆောင်ရန်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် စာကြည့်တိုက်လက်ထောက်-၃ဒေါ်ခိုင်ခင်ဦးတို့က ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)