တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ 

တောင်သာ အောက်တိုဘာ ၁၄

ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ မောင်မင်းစိုး ရေးသားသော လူငယ်နှင့်အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များမှ လူငယ်နှင့်အပြောင်းအလဲ စာအုပ်ပါအကြောင်းအရာများမှ လူငယ်နှင့် သိစိတ် အခန်းမှာပါရှိသည့် လူငယ်တွေအနေနဲ့ ကျင်လည်ရမယ့်ဘဝမျိုးစုံမှာ လူတန်းစားမျိုးစုံ၊ စရိုက်မျိုးစုံရှိတဲ့ လူတွေနဲ့ ပေါင်းသင်းရမယ်၊ ရင်ဆိုင်ရမယ်၊ တွေ့ကြုံရမယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတွေမှာ လဲကျတဲ့စိတ်ထားတွေနဲ့ဘဝကို ဖန်တီးတည်ဆောက်နေသူတွေကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးနိုင်အောင် စွမ်းဆောင်ကြရမှာဖြစ်ပါကြောင်း စတဲ့အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)