ပုံပါကျင်မြို့ နယ်စပ်ပေါက်မှ ဝင်ရောက်လာသူနှစ်ဦးအား facility quarantine ထားရှိ

ပုံပါကျင်      စက်တင်ဘာ     ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသူ အမျိုးသားနှစ်ဦးအား ယနေ့နံနက်ပိုင်း က ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် facility quarantine ထားရှိထားကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသူနှစ်ဦးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နှင့် မိုင်းရှူးမြို့ တို့မှ ထိုင်းနိုင်ငံချင်းလောင်မြို့ မယ်တောက်ရွာတွင် ပြောင်းဖူးခြံအလုပ်သမားအဖြစ် ၂ နှစ်ခန့် တရားမဝင် သွားရောက်လုပ်ကိုင်လျက်ရှိရာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီး၍ နှစ်နိုင်ငံနယ်ခြားလမ်းအနီး ကြက်ဟင်းခါးသီး တောင်သို့ လာရောက်ပို့ဆောင်ခဲ့ပြီး ယမန်နေ့ည (၆)နာရီက ပုံပါကျင်မြို့သို့ ရောက်ရှိခဲ့သဖြင့် ကျန်းမာရေးစစ်ဆေးရာတွင်  ကိုယ်အပူချိန်ပုံမှန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးအား ပုံပါကျင်မြို့တွင် Facility Quaratine (၁၄)ရက်ထားရှိပြီး ကျန်းမာရေးအခြေ အနေစောင့်ကြည့်မှုများ ပြုလုပ်ပြီး ‌ရောဂါမရှိပါက နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)