တိုက်ကြီး စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့တို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံ ရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက် နေသည့် ဈေးရပ်ကွက်၊ မီးသတ်လမ်း ကွန်ကရစ်လမ်းချဲ့ခြင်း လုပ်ငန်းနှင့် ဌာနလမ်း ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော လုပ်ငန်းခွင် သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပါ သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် ချမ်းမြ သာစည် (၁)လမ်း အ.ထ.က(တိုက်ကြီး)ကျောင်းအနီးရှိ ကလေးကစားကွင်းတွင် လူကြီးများ အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရန်အတွက် ကလေး ကစားကွင်းနှင့် ဆက်စပ်မြေ နေရာတွင် အားကစားပစ္စည်းများ ထားရှိမှုအခြေအနေနှင့် ပန်း အလှပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)