မိုင်းယုမြို့ရှိ ဒေသခံတိုင်းရင်းသားများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask)များ အခမဲ့လှူဒါန်း

မိုင်းယု စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ မြို့ပေါ်နှင့်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများနှင့် ရွေ့ပြောင်းလုပ်သားမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အလှူရှင်ပြည်သူမိသားစုမှ နှာခေါင်းစည်း (Mask)များကို ယနေ့နံနက်ပိုင်း က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လှူဒါန်းပေးခြင်းကို မိုင်းယုမြို့ရှိ မြို့မရပ်ကွက်နှင့် ဒွန်းနွဲ့ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများ အတွက် တစ်ဦးလျှင် နှာခေါင်းစည်း(Mask) သုံးခုမှ ငါးခုနှုန်းဖြင့်  တစ်ဗူးလျှင် အရေအတွက် (၅၀)ပါသည့် နှာခေါင်းစည်း (Mask)ဗူး(၅၀)ခန့်ကို ဒေသခံတိုင်းရင်းသား များဖြစ်သည့် သက်ကြီးဘိုးဘွား၊ လူကြီးနှင့် ကလေးငယ်များပါမကျန် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ဆိုးမှ တစ်ဖက်တစ်လမ်းမှ ပါဝင်ကယ်ဆယ်ပေးနိုင်ရန် အတွက် နှာခေါင်းစည်း(Mask)ကို အခမဲ့ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)