ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance သင်တန်း(အခမဲ့)ဖွင့်လှစ်

ကျောက်ဆည်   အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၂)နာရီက Myanmar  Fitness Dance သင်တန်း(အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားရေး၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊  ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် Myanmar  Fitness Dance သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝေမင်းဟိန်းက အားကစားများပြုလုပ်ရာတွင် ယှဉ်ပြိုင်အားစကား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစား  စသည့် အားကစားနည်းများ ရှိကြောင်းနှင့် Myanmar  Fitness Dance အားကစားသည် လူတစ်ဦးတည်း သော်လည်းကောင်း၊ အစုအဖွဲ့ဖြင့် သော်လည်းကောင်း ကစားနိုင်သည့် ကစားနည်းဖြစ်ကြောင်းနှင့် ငွေကြေးကုန်ကျမှုနည်းပါးပြီး အကျိုးကျေးဇူး များစွာရရှိသည့် အားကစားနည်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နည်းပြဆရာမများဖြစ်သည့် မအေးငြိမ်းစံနှင့်မစန္ဒာအောင်တို့က Myanmar  Fitness Dance အကများ ဆက်လက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသူ (၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ(၁၃)ရက်နေ့မှ(၂၂)ရက်နေ့အထိ (၁၀)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)