မလှိုင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်မှ အခြေခံအိမ်ထောင်စုမိသားစုများအား ဆန်အိတ်(၂၀၀) ထောက်ပံ့လှူဒါန်း

မလှိုင်  အောက်တိုဘာလ ၁၃

မလှိုင်မြို့ အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု(၆၀၀)အား နဝမအကြိမ်မြောက် ယမန်နေ့နံနက်က ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူရှင်မှာ မလှိုင်မြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးတင်ထွန်းနှင့်ဇနီး ဒေါ်ခင်ဌေးဦး (ငွေတိုက်စိုး) မိသားစုတို့မှထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါနေ့က အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်အတွင်းရှိ  ဆင်းရဲနွမ်းပါးသူ အိမ်ထောင်စု(၆၀၀)အား တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်နှုန်းဖြင့် စုစုပေါင်းဆန်အိတ်(၂၀၀)အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပြီး လှူဒါန်းမှုမှာ နဝမအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)