ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စွမ်းအားမြှင့်မီးဖိုများ လှူဒါန်း

ကျောက်တန်း အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာနတို့ ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာဆောင်ရွက်ခဲ့သည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းက ကျေးရွာနေပြည်သူများ ထင်းသုံးစွဲမှု လျော့ချစေရေးနှင့် ကျေးရွာများမှ ပြည်သူများ ထင်းသုံးစွဲမှုလျော့ချစေရေးနှင့် သစ်တောပြုန်းတီးမှုများ လျော့ပါးသက်သာစေရန်ရည်ရွယ်ပြီး ကျေးရွာပေါင်း(၇)ရွာမှ အိမ်ထောင်စု (၉၀၀)အတွက် တစ်အိမ်ထောင်တစ်လုံးနှုန်းဖြင့် စွမ်းအားမြှင့်မီးဖို အလုံး(၉၀၀)အား ယနေ့ နံနက်ပိုင်းတွင် ကျေးရွာများအရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရသည်။

မြို့နယ်ပြန်ဆက်