မရမ်းကုန်း အောက်တိုဘာ ၁၃
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် လူငယ်ဘဝ တိုးတက်အောင်မြင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက Youth Club အဖွဲ့ဝင်များနှင့် စာရေးဆရာအကြီးကိုကို (ကသာ) ရေးသားသည့် ဖေဖေ့နှလုံးသွေးစက် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဒုတိယဦးစီးမှုး ဒေါ်ယဉ်ယဉ်မော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် မယွန်းနဒီအောင်ဦးဆောင်၍ လောကကြီးကို အလှဆင်ဖို့လူကြီးတွေထက် လူငယ်တွေကို ပိုမိုယုံကြည်ကိုးစားရပါကြောင်း၊ ကိုယ့်ဆီကိုကောင်းတာတွေ လာစေချင်ပါက ကောင်းတာလုပ်ရမည်ဖြစ်ကြောင်း၊ တာဝန်မယူရဲရင် ရလဒ်ဆိုတာမရှိကြောင်း၊ စိတ်ခံစားချက်တွေကို ထည့်မတွက်ဘဲ ဆက်ဆံတတ်သူဖြစ်ရမည် ဖြစ်ပါကြောင်းနှင့် မည်သည့်အလုပ်ကိစ္စမျိုးမဆိုလုပ်ပါက အစွန်းနှစ်ဖက် မရောက်ဖို့အရေးကြီးကြောင်း အစရှိသည်ဖြင့် ဖတ်ရှုဆွေးနွေးပြီး တက်ရောက်လာသူ စာပေချစ်သူ လူငယ်များမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
အေးအေးအောင်(ပြန်/ဆက်)