ကျောက်မဲ အောက်တိုဘာ ၁၃
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောက်မဲခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က ကလေးသူငယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုတတိုးပွားလာစေရန်၊ စာကြည့်တိုက်ကိုလာရောက် အသုံးပြုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ပေးပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း၊ ပြိုင်ပွဲသို့ ကျောင်းသား ကျောင်းသူ ၁၂ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)