တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

တောင်သာ  အောက်တိုဘာ  ၁၃

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပူစီပေါင်းဖောက်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community  Centre)ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ယခုလို သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ကျောင်းစာကိုလည်း ကြိုးစား သင်ယူလေ့လာကြရန်လိုကြောင်းနှင့် ယခုလိုပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ယခုလို ပြိင်ပွဲများ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို  ရှင်းလင်းပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပူစီပေါင်းဖောက် ပြိုင်ပွဲများအား ဆက် လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူများ အသီးသီး ပါဝင် ယှဉ်ပြိုင်ကြ ပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့် ကေခိုင်နှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်အဖြစ်  ဗလာစာအုပ်/ ခဲတံနှင့်အချိုရည်မုန့်များ  ကျွေးမွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပူစီပေါင်းဖောက်ပြိုင်ပွဲသို့ အနောက်ရပ်အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်း သူ(၁၂)ဦး  ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)