ညောင်ဦး အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရာသီဥတုကောင်းမွန်ခြင်းနှင့်အတူ မိုးကောင်းသောက်စပါး(မိုးစပါး)များကာင်းမွန်နေကာ ရိတ်သိမ်းချိန်အထွက်နှုန်းကောင်းရန်သေချာသလောက်ရှိနေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ မိုးကောင်းသောက်စပါးစိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်က ပြောကြားသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကောင်းသောက်စပါးစိုက်ပျိုးခြင်းအား ဝါခေါင်လတွင် စတင်စိုက်ပျိုးကြပြီး စပါးပျိုးထောင်ခြင်းကို နယုန်လနှင့်ဝါဆိုလတို့တွင် စတင်ပျိုးထောင်ကြကြောင်း ပျိုးထောင်ပြီး နှစ်ဆယ်တစ်ရက်ပျိုးသက်သားမှလေးဆယ်ငါးရက် သားပျိုးပင်များကို ရွေ့ပြောင်း ပြီးစိုက်ပျိုးကြကြောင်းသိရသည်။
မိုးကောင်းသောက်စပါးအခေါ်အဝေါ်အား ကျောက်ပန်းတောင်းမြို့နယ်တွင်ရွာ သွန်းမိုးရေ တိုက်ရိုက်ကျရောက်ခြင်းနှင့် မိုးရွာသွန်းမှုမှစပါးစိုက်ခင်များအတွင် ရေမြောင်းသွယ်ယူရေဝင်စေခြင်းအား မိုးကောင်းသောက်စပါးစိုက်ပျိုးခြင်းခေါ်ဆိုကြောင်း စပါးစိုက်ပျိုးတောင်သူ ဦးလှငွေက ရှင်း ပြသည်။ မိုးကောင်းစိုက်ပျိုးစပါးစိုက်ပျိုးတောင်သူများ မိုးစပါးစိုက်ပျိုးပြီးလျှင် စပါးအထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် မိုးစပါးစိုက်ပျိုးမှုများပြားကြကာ မနောသုခ၊ ရာငါး၊ စီသွယ်ရင်၊ ဧရာမင်း စပါးမျိုးပျိုးထောင်စိုက်ပျိုးကြကာ တစ်တင်းခွဲ စပါးပျိုးအိတ်တစ်အိပ် တစ်သောင်းခွဲကျပ်မှ နှစ်သောင်းကျပ်ပေးဝယ်ရကြောင်း သိရသည်။ ပုလဲသွယ်မျိုးစပါးများလည်း ယခုနှစ်တွင်ဝယ်ယူ စမ်းသပ် စိုက်ပျိုးနေပြီဖြစ်ကာ တစ်ပြည် ခုနှစ်ထောင်ကျပ်ပေးဝယ်ရကြောင်းလည်း ပုလဲသွယ် စပါးမျိုးစိုက်ပျိုးသူ လဲဂွကျေးရွာ ဦးမောင်ပိုက်ကရှင်းပြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကောင်းသောက်စပါးစိုက်ပျိုးမှု ကန်ပတ်လည် အုပ်စုမှာ ပင်ဧကများစွာစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်စပါးစိုက်ပျိုးချိန် ကောက် စိုက်သမတစ်ဦး ငါးထောင်ကျပ်၊ လယ်လုပ်သားတစ်ဦး ရှစ်ထောင်ကျပ်၊ ထွန်စက်ထွန်ခ တစ်နာရီ သုံးသောင်း တစ်ထောင်ကျပ်၊ နွားရှဉ်းထွန်းခ တစ်မနက် တစ်သောင်းကျပ်ပေး ထွန်ရပြီး၊ စပါးခင်းများထဲသို့ သဘာဝမြေဆီမြေနှစ် နွားချေး၊ကြက်ချေး၊ ဆိတ်ချေးများ ကြဲပက်ထည့်ကြကြောင်း တော်သလင်းလ၊သီတင်းကျွတ်တို့တွင်စပါးများရိတ်သိမ်းလေ့ရှိပြီး ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကောင်းသောက် စပါးအထွက်နှုန်းလည်းကောင်းကြပြီး တစ်ဧက တင်း ၉၀ မှ ၁၂၀ ထိထွက်ရှိ ကြကြောင်း၊ မိုးလေဝသမှန်ကန်သည့်နှစ်များတွင် မိုးစပါးများစောစောစိုက်ပျိုးလေ့ရှိပြီး၊ မိုးရွာသွန်းမှုနောက်ကျလျှင် မြေအောက်ရေ သွင်းစိုက်ပျိုးကြကြောင်းလည်းသိရပြီး မိုးကောင်းသောက် စပါးများ အပင်ဖြစ်ထွန်းမှု ကောင်းနေခြင်းနှင့်အတူမှို့ကပ်ချိန်(သန္ဓေသား) စတင်ဖူးလာပြီဖြစ် ကြောင်း၊ စပါးရိတ်သိမ်းချိန်အထွက်နှုန်းကောင်းနိုင်ကြောင်း မိုးကောင်းသောက်စပါးစိုက်ပျိုး တောင်သူများထံက သိရသည်။
ကိုကြေးမုံ