ပုသိမ်ကြီး အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက (community centre) ပံသုကျီခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က ဘူမိဗေဒဆိုင်ရာအန္တရာယ်များဖြစ်သည့် ငလျင်လှုတ်ခြင်း၊ မြေပြိုတောင်ပြိုခြင်း၊ ဆူနာမီများနှင့်ပတ်သက်၍လည်ကောင်း မိုးလေ၀သဆိုင်ရာ ဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းအန္တရာယ်၊ မိုးကြိုးမုန်တိုင်းလေဆင်နှာမောင်းနှင့် လျှပ်စီးလပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် မြစ်ရေကြီးခြင်း၊ လျှပ်တပြတ်ရေကြီးခြင်းဆိုင်ရာ ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရန်ရှောင်ရန်လုပ်ငန်းစဉ်များ၊ ဆေးနွေးခြင်းအား မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းတို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို