နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

နောင်ချို အောက်တိုဘာလ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စတားကစ်မူလတန်းကြိုကျောင်းနှင့် ရတနာမူလတန်းကြိုကျောင်းတို့ပူးပေါင်း၍ မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စတားကစ်မူလတန်းကြိုကျောင်းနှင့် ရတနာမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်မူကြိုအဆင့် သားငယ်၊ သမီးငယ်လေးများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် မူကြိုကလေးငယ်များ အရောင်လေးများကို စိတ်ဝင်စားပြီး လိုက်ဖက်ညီသောအရောင်များကို ရွေးချယ်တတ်စေရန်၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍  ပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)