မိုင်းယောင်းတွင် ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက မုန်းလိုက်ကျေးရွာအတွင်းရှိ နေအိမ် ၅၇ အိမ်အား ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)