ကျောက်တန်း အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူပေါင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း သိကောင်းစရာအသိပညာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဦးသန့်ဇင်ထွန်းက အများပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလမှာ ပူးပေါင်းပါဝင် ဆောင်ရွက်မူကို အသိပညာပေးဗဟုသုတ ရရှိရန်ရည်ရွယ်၍ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျောက်တန်းမြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦးမှ ကျောက်တန်းမြို့နယ်အတွင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များအနေဖြင့်၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ အသိပညာပေး ဆောင်ရွက်မူများ၊ လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ကားဂိတ်များတွင်း Mask၊ နှားခေါင်းစည်းများ ဖြန့်ဝေပေးမူ့နှင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဖို့ပြည်သူများအား အသိပညာဆောင်ရွက်ထားရှိများအား ဆောင်ရွက်လျက် ရှိပါကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျရန်အတွက်လည်း ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)