ညောင်ဦး အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)က ကျောင်းသား၊ ကျောင်းသူများအား သီတင်းကျွတ်ကျောင်းပိတ်ရက် အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲတွင် အမျိုး သားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားခေါင်းဆောင်ကြီးများ တိုင်းကျိုးပြည်ပြုဆောင်ရွက်ခဲ့ပုံများအား ဟောပြောသည်။ ပြီးနောက် ကျောင်းသား၊ ကျောင်းသားများအား စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအားအမှတ်တရအဖြစ်စာအုပ်၊ခဲတံ၊ ဗလာစာအုပ်များ အမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ