မှော်ဘီ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာရှိ ကိုးလုံးကွင်းပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေသကိုယ်စားပြု ဦးဝင်းစိုးမှအဖွင့်အမှာစကားပြောကြား၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်က နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါးကိုမမေ့ရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ရန်ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူတွေလိုအပ်ချက်များကို လွတ်လွတ်လပ်လပ်တင်ပြလျှင်ဖြည့်စီးပေးရန်ပြောကြားခြင်း၊ ရဲမှူးမြင့်အောင်မှ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်က လူမူရေးဆိုင်ရာအသိပညာပေးဆွေးနွေးပြောကြားခြင်း၊ လူမူရေးစစ်ကြောင်းမှဒေါက်တာစောမြထွန်းမှ ကိုဗစ်-၁၉ ရောဂါနှင့်အပြင်ထွက်တိုင်း Mask နှာခေါင်းစီးတပ်ရန်နှင့် ဆေးထိုးပြီး(၆)လပြည့်တိုင်း ပြန်လည်ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ ဦးတင်စိုးနှင့်ဒေါ်ငုဝါကျော်က ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ရေးများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားမျာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့်အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ ဆက်)