ခရမ်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ခရမ်း  အောက်တိုဘာ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲကာ သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ပထမအကြိမ်အဖြစ်ထိုးနှံပေးပြီးသည့် ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကို ခရမ်းမြို့ သကျမာရိဇိန်သွန်းဘုရားကြီး၏ သာသနဗိမ္မာန်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့မကျန်းမာရေးမှူး ဒေါ်ဥမ္မာဦးမှ ကြီးကြပ်၍သူနာပြုဆရာမများက ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးကြောင်း သိရှိရသည်။

ကိုမင်း ( ခရမ်း )