မန္တလေး အောက်တိုဘာ ၁၂
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ(၁)နာရီတွင် လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးတို့က ဦးဆောင်ဆွေးနွေးရာတွင် သွေးလွန်တုတ်ကွေးရောဂါ စတင်ဖြစ်ပွားမှုလက္ခဏာများ၊ ခြင်ကျားအန္တရာယ်ကင်းစင်ရေး လိုက်နာဆောင်ရွက်ရန်များ၊ သွေးလန့်သည့်လက္ခဏာများ၊ ကျောင်းများနှင့် အိမ်များတွင် သွေးလွန်တုတ်ကွေး ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ စသည့်အကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန္တလေး(ပြန်/ဆက်)