ကျောက်ပန်းတောင်း အောက်တိုဘာ ၁၂
ကလေးများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန် အတွက်၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်ဝနိုင်ကြောင်းနှင့် မိမိသိရှိထားသည့် အသိပညာဗဟုသုတများကို မှန်မှန်ကန်သော အတွေးခေါ်များနှင့်ပေါင်းစပ်၍ မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ပြန်လည်မျှဝေအသုံးပြုခြင်းဖြင့် အေးချမ်းသာယာ၍ စည်းလုံးညီညွတ်သော လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်မှာဖြစ်ကြောင်း ဦးစွာဟောပြောဆွေး နွေးသည်။ ယင်းနောက် စာကြည့်တိုက်သို့ ပုံမှန်လာရောက်၍ စာအုပ်များငှားရမ်းဖတ်ရှုလေ့ရှိသည့် စာပေဝါသနာရှင် မမေမီမြင့်ရှိန်က စာပေဗိမာန်စာမူဆု ကလေးစာပေဆုရ ဝတ်ရည်ခင်(ပဲခူး) ရေးသားသည့် မြန်မာ့မေတ္တာစွမ်း ကမ္ဘာကို လွမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ စာအုပ်ပါ၊ ဝတ္ထုတိုများအနက်မှ အလှအတွက် မှန်ကြည့်၊ ဘဝအတွက် စာကြည့် ဝတ္ထု တိုအား ဖတ်ကြား၍ ဝတ္ထုပါအကြောင်းအရာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)