ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်း ပြုလုပ်

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာခင်စောတင့်ရေးသားသည့် “ ဘဝသစ်ရဲ့အစများ” စာအုပ်ထဲမှ “ဘဝသစ်ရဲ့အစများ” ခေါင်းစဉ်ဖြင့် ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်သဇင်ဦးမှ ဦးဆောင်ဆွေးနွေးပြီး၊ “ဘဝရဲ့အသေးစားအောင်ပွဲများ” ခေါင်းစဉ်ဖြင့်  Book Club အဖွဲ့ဝင် ဒေါ်ဆွေဆွေသန်းကလည်းကောင်း၊ “ပျော်ရွှင်ကြည်နူးခြင်းကိုဖြန့်ဝေပါ” ခေါင်းစဉ်ဖြင့် Book Club အဖွဲ့မှ မောင်စိုင်းမင်းသူကလည်းကောင်း၊ စာအုပ်ပါအကြောင်းအရာများကို မိမိတို့ ဖတ်ရှုထားသည့် ခေါင်းစဉ်အလိုက် အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူလူငယ်များက စာပေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ Book Club အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)