ဆီဆိုင်မြို့နယ်၌ တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဖွင့်လှစ်

ဆီဆိုင် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး အင်ဂျင်ပြုပြင်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းနုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းသားများအားမိတ်ဆက် အမှာစကားပြောကြား၍ ဘန့်ဗွီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ခင်အောင်က တစ်လုံးထိုး အင်ဂျင်ပြုပြင်နည်း သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်သည်။ ဆက်လက်၍ အခမ်းအနားတက်ရောက် လာသူများက သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ဘန့်ဗွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၂၀)ဦး တို့ကို အောက်တိုဘာ(၁၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ သင်တန်းကာလ နှစ်ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)