မလှိုင်မြို့နယ်၊ ကံတွင်းကျေးရွာ  ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေး

မလှိုင်  အောက်တိုဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကံတွင်းကျေးရွာအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၅)ခုမှ အကြီးအကဲများက ကံတွင်းကျေးရွာ၊ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်၊ ထို့နောက် အဖွဲ့ဝင်(၃) ဦးသိန်းဟန်က ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။  

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၆)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ(၇)ခု၊ လျှပ်စစ်မီး ရရှိရေးကဏ္ဍ(၁)ခု၊  သောက်သုံးရေရရှိရေး ကဏ္ဍ(၁)ခု၊ ကုန်ထုတ်လမ်း တံတားပြုပြင်ခြင်းကဏ္ဍ(၁)ခု၊ ရွာသုံး ရေကန်ပြုပြင်‌ပေးရေး ကဏ္ဍ(၁)ခု၊ ဘောလုံးကွင်း ဖြစ်မြောက်ရေး(၁)ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂) ခု တို့အား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြတောင်းခံခဲ့ရာ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်ပြန်လည် ရှင်းလင်းဖြေကြားဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နိုင်ငံသားစိစစ်ရေးကဒ်ပြားအသစ်ပြုလုပ်သူ (၇)ဦးတို့အား ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကာယ ကံရှင်များထံ ပေးအပ်ခဲ့သည်။ တစ်ဆက်တည်း အခမ်းအနားတက်ရောက်လာသူ ပြည်သူလူထု (၁၅ဝ)ဦး အနက် (၇ဝ)ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)