ကျောက်ဆည် အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးထားရှိရာ ပန်းခွာကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ပဲတီ(၁)တင်း တစ်တင်း ငွေကျပ်(၅၉၃၀၀)ကျပ် ရောင်းချရသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် မြေအနေအထားအပေါ်မူတည်ပြီး ရိုးရာ(ပက်ကျဲ)စနစ်၊ သိပ္ပံ နည်းကျ ရေသွင်း(ဘောင်စနစ်)ဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်း ရိုးရာ(ပက်ကျဲ)စနစ်ဖြင့်စိုက်ပျိုးပါက (၁)ဧက မျိုးစေ့ (၄)ပြည်ခန့် အသုံးပြုရပြီး၊ သိပ္ပံနည်းက ရေသွင်း(ဘောင်စနစ်)ဖြင့် စိုက်ပျိုးပါက (၁)ဧက မျိုးစေ့ (၂)ပြည်ခန့် အသုံးပြုကြောင်း၊ တစ်ဧကထွက်နှုန်းမှာ (၁၇)တင်းမှ(၂၁)တင်းထွက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် မှိုရောဂါပိုးဒဏ်ခံနိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁)၊ ရေဆင်း(၁၄) ပဲတီမျိုး များ အဓိထားစိုက်ပျိုး ကြကြောင်း သည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများကို တိုက်နယ်(၁)တွင် (၁၀၄၉)ဧက၊ တိုက်နယ်(၂)တွင် (၃၅၁)ဧက၊ တိုက်နယ်(၃)တွင် (၆) ဧက၊ တိုက်နယ်(၅)တွင်(၁၁၃)ဧက၊ တိုက်နယ်(၆)တွင်(၈၆၂)ဧက၊ တိုက်နယ် (၇)တွင်(၁၇၂၇)ဧက၊ တိုက်နယ်(၈)တွင်(၃၆၉)ဧက၊ တိုက်နယ်(၉) တွင်(၁၅၀)ဧက၊ တိုက်နယ်(၁၀)တွင် (၄၉၂)ဧက၊ တိုက်နယ်(၁၁)တွင်(၂၂၉)ဧက၊ တိုက်နယ်(၁၂)တွင်(၅၃၃)ဧက စုစုပေါင်း (၅၈၈၁)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)