ကျိုင်းတုံမြို့ရပ်တော်မူဘုရား၌ သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌  သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲကို ယမန်နေ့က ကျင်းပရာ ဘုရားဖူးပြည်သူများ၊ ဆီမီးပူးထွန်းညှိပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားနှင့် မြို့နယ်အတွင်းအရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုး၊  ဓမ္မာရုံများနှင့် နေအိမ်များတွင် ပြည်သူများက ကုသိုလ်ကောင်းမှုများပြုလုပ်ကြပြီး သီတင်းကျွတ်မီးထွန်းပွဲများကျင်းပကြရာ ဘုရားဖူးပြည်သူများ၊ ဆီမီးထွန်းညှိပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)