လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လက်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးခြင်းကို အမှတ်(၁၅) ရပ်ကွက် အတွင်းရှိ ပြည်သူများအား ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုရှိရာ အမှတ်(၁၅)ရပ်ကွက်အတွင်းရှိ ပြည်သူများအား လမ်းအလိုက်တစ်အိမ်တက်ဆင်း ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပြင်ထွက်လျှင် (Mask)တပ်ပြီးမှ ထွက်ရန်နှင့် အပြင်မှပြန်လာလျှင် လက်ကိုစနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာနေထိုင်ကြရန် အသိ ပညာပေးခြင်း လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေး ဆောင်ရွက် ပေးခြင်းကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိူင်(ပြန် /ဆက်)