တပ်ကုန်းမြို့၌ ဦးခေါင်းနှစ်လုံးပါသည့် ကလေးတစ်ဦးမွေးဖွား

တပ်ကုန်း       စက်တင်ဘာ     ၁၇

နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာနေ  ဦးသိန်းထိုက်၏ဇနီး မအေးစန္ဒာမြင့်၊ အသက်(၂၉)နှစ်မှာ ကလေး မီးဖွားရန်အတွက် တပ်ကုန်းမြို့ ခုတင် (၁၀၀)ပြည်သူ့ ဆေးရုံတွင် ဆေးကုသလျက်ရှိရာ ယမန်နေ့ ည ၈ နာရီအချိန်တွင်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ လက်ထောက်ဆရာဝန် ဒေါက်တာမင်းထက်မောင်မောင် (သားဖွားနှင့်မီးယပ်) အဖွဲ့မှ အရေးပေါ်ခွဲစိတ် မွေးဖွားပေးခဲ့ရာ  ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ် (ယောက်ျားလေး) တစ်ဦး မွေးဖွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးအား တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ ကလေးအထူးကု ဆရာဝန်မှ လိုအပ်သည်များ လုပ်ဆောင်ပေးပြီး၊ နေပြည်တော်ခုတင် (၅၀၀) ကလေးအထူးကု ဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပေးပို့ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်